Skip to main content

မန္တလေးတောင်သမန်အင်းအနီး စစ်ကားတစ်စီးတိုက်ခိုက်ခံရ၍ နှစ်ဦးဒဏ်ရာရ



 မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားရှိရာ တောင်သမန်အင်း အနောက်ဘက်ပတ်လမ်းတွင် သွားလာနေသည့် စစ်ကားတစ်စီး ယနေ့ (စက်တင်ဘာ ၅) မွန်းတည့်ချိန်ခန့်က တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် စစ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။

“ဖြစ်တဲ့နေရာမှာက ဒီကနေ့ အသွားအလာ အရမ်းများနေတာ။ ရတနာ့ဂူနတ်ပွဲသွားတဲ့ လူတွေနဲ့ စည်နေတာ။ အဲ့ဒီမှာ သွားနေတဲ့ စစ်ကားပေါ်ကို ဗုံးနဲ့ ပစ်သွားတာ၊ အသံကတော့ တော်တော်ကျယ်တယ်၊ ဘယ်လိုဗုံးမျိုးလဲတော့ မသိဘူး။ ကွဲတဲ့အသံကြားတာနဲ့ ကျွန်တော်တို့ အနီးအနားရှိတဲ့လူတွေ ဆိုင်ကယ်တွေမောင်းပြေးကြ၊ အိမ်ထဲ ပြေးဝင်ကြ လုပ်ကြရတာ”ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကားမှာ မီးလောင်ပေါက်ကွဲခြင်း မရှိကြောင်း၊ စစ်ကားဖြတ်သွားရာ နေရာအနီးတွင် ဆိုင်ကယ်တစ်စီး မီးလောင်နေသည်ကို တွေ့ရကြောင်းလည်း ထိုသူ့ထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီး များမကြာမီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ ဒဏ်ရာရ စစ်သည်နှစ်ဦးကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း အထက်ပါ မျက်မြင်သက်သေက ဆက်ပြောသည်။

ပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်နှင့် ဒဏ်ရာရ စစ်သားနှစ်ဦး၏ အသေးစိတ်အခြေအနေတို့ကို မျက်မြင်များက အတည်မပြုနိုင်သလို စစ်ကောင်စီထံမှလည်း မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်ဖြိုခွင်းသည်အထိ ပြုမူသည့် စစ်တပ်ကို တုံ့ပြန်ရန် PDF အချို့ ဖွဲ့စည်းလာပြီးနောက် ဇွန်လခန့်မှစ၍ စစ်ကောင်စီယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မန္တလေးတွင် မကြာခဏ ပေါ်ပေါက်နေသည်။

သို့သော် ရွှေ့လျားသွားလာနေသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ မန္တလေးမြို့တွင် ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်