လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။
အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။
နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့
ပိုပြီး စိတ်အေးစရာကောင်းနေသလို
နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က
ပိုပြီးခွန်အားဖြစ်စရာပါပဲ။
တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။
ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။
အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။
လူတစ်ယောက်ကိုလည်းလွမ်းရသလို
မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။
စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့
လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို
ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။
Credit_Nayvel














