Skip to main content

မိမိဘဝကိုသာ အကောင်းဆုံးတည်ဆောက်ပါ


 ဒီအချိန်မှာ

မိမိထက်ချမ်းသာတဲ့လူနဲ့လဲ မယှဉ်နဲ့

မိမိထက် ဆင်းရဲတဲ့သူနဲ့လဲ မယှဉ်နဲ့


ကိုယ့်ဘဝဟာ ကိုယ့်ဘဝပဲ


အဲ့လိုပဲ


လက်ထဲရှိတဲ့ပိုက်ဆံကို

ဒေါ်လာဈေးနဲ့လဲ မယှဉ်နဲ့

ရွှေဈေးနဲ့လဲ မယှဉ်နဲ့


ကိုယ့်လက်ထဲရှိတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ


လက်ထဲရှိတဲ့ရွှေလဲကြောက်ပြီးမရောင်းနဲ့

လက်ထဲရှိတဲ့ပိုက်ဆံလဲကြောက်ပြီး ရွှေမဝယ်နဲ့တော့


ခဏစိတ်ငြိမ်ဖို့ကြိုးစား


အကြွေးပေးစရာရှိရင် အခုဆပ်ထား အဲ့ဒါအမြတ်ပဲ။

ကျန်တာလေးနဲ့ စည်းကမ်းရှိရှိနေ။ 


အခြေအနေကောင်းတဲ့အချိန် 

ပြန်စနိုင်ဖို့သာ ပြင်ဆင်ထား။ 


ချိုးချံချွေတာပြီးနေ မလိုတာတွေလုံးဝမသုံးနဲ့။ 


ယံယံခေါက်ဆွဲတစ်ထုပ် ၅၀၀ ဝယ်ပြုတ်စားမယ့်အစား 

ရှမ်းခေါက်ဆွဲ ၅၀ သား ၆၀၀ ဝယ်ပြီးအိမ်မှာချက်စားရင် 

တစ်အိမ်လုံးစားလိုရတယ်။ ကျန်းမာရေးနဲ့လဲညီညွှတ်တယ်။ 


ငွေ ၁၀၀၀ ကိုတောင် အလဟသ မသုံးမိစေနဲ့။


အသက်ရှင်နေမယ် နေဖို့ရှိမယ် စားဖို့မပူရဘူး ဆို 

အလွန်ကုသိုလ်ကံ ကောင်းနေပြီလို့ယူဆ။


ကျန်တာမတွေးနဲ့။


Credit...✍🏻

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်