လောကကို အလှဆင်တာဟာ
စိန်ပန်းပင်တွေပဲ...........။
မိုးနဲ့လေက ဘယ်လောက်ပဲ
အပွင့်ခြွေခြွေ သူတို့ကတော့
ရဲရဲနီလျက်ပဲ။ ။
စိန်ပန်းကို တော်၀င်ပန်းလို့
ဘယ်သူမှ မသတ်မှတ်ကြဘူး ။
ဘယ်သူမှလည်း မြတ်မြတ်နိုးနိုး
ခေါင်းမှာ မဆင်ဘူး ။
ဒါပေမယ့်.....သူက ၀တ္တရားမပျက်ဘဲ
လေထန်ထန် မိုးမှောင်မှောင်ထဲမှာ
လောကကို အလှဆင်တတ်တယ် ။
မြေပြင်က သူ့အပွင့်တွေကို
လူတွေက ခြေနဲ့နင်းလျှောက်ပေမယ့်
မတုန်လှုပ်ဘူး သူ_ပွင့်မြဲပွင့်နေတယ် ။
ဒီလိုပဲ...လူတစ်ယောက်ဟာ
စိန်ပန်းကို စံနမူနာယူရမယ် ။
ဒါမှ...အဲ...သူ့ဘ၀သူ
ပျော်နိုင်လိမ့်မယ်........။
တက္ကသိုလ် ဘုန်းနိုင်



