Skip to main content

ရှမ်းပြည်နယ် ရွာငံမြို့လေးထဲက မြသပိတ်ရေပြာအိုင် 💙





 

Popular posts from this blog

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး

(လက်ဖက်ချဉ်စပ်နှပ်) လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ (လက်ဖက်အညွှန့်နှပ်) လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက် အချိုမှုန့် ဆီထည့်ကာစိမ်ပါ။ (ငရုတ်လက်ဖက်နှပ်) ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ။ (လက်ဖက်အညက်နှပ်) လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ။ #လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ။ Credit original uploader 

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

မိမိဘဝကိုသာ အကောင်းဆုံးတည်ဆောက်ပါ

 ဒီအချိန်မှာ မိမိထက်ချမ်းသာတဲ့လူနဲ့လဲ မယှဉ်နဲ့ မိမိထက် ဆင်းရဲတဲ့သူနဲ့လဲ မယှဉ်နဲ့ ကိုယ့်ဘဝဟာ ကိုယ့်ဘဝပဲ အဲ့လိုပဲ လက်ထဲရှိတဲ့ပိုက်ဆံကို ဒေါ်လာဈေးနဲ့လဲ မယှဉ်နဲ့ ရွှေဈေးနဲ့လဲ မယှဉ်နဲ့ ကိုယ့်လက်ထဲရှိတဲ့ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ လက်ထဲရှိတဲ့ရွှေလဲကြောက်ပြီးမရောင်းနဲ့ လက်ထဲရှိတဲ့ပိုက်ဆံလဲကြောက်ပြီး ရွှေမဝယ်နဲ့တော့ ခဏစိတ်ငြိမ်ဖို့ကြိုးစား အကြွေးပေးစရာရှိရင် အခုဆပ်ထား အဲ့ဒါအမြတ်ပဲ။ ကျန်တာလေးနဲ့ စည်းကမ်းရှိရှိနေ။  အခြေအနေကောင်းတဲ့အချိန်  ပြန်စနိုင်ဖို့သာ ပြင်ဆင်ထား။  ချိုးချံချွေတာပြီးနေ မလိုတာတွေလုံးဝမသုံးနဲ့။  ယံယံခေါက်ဆွဲတစ်ထုပ် ၅၀၀ ဝယ်ပြုတ်စားမယ့်အစား  ရှမ်းခေါက်ဆွဲ ၅၀ သား ၆၀၀ ဝယ်ပြီးအိမ်မှာချက်စားရင်  တစ်အိမ်လုံးစားလိုရတယ်။ ကျန်းမာရေးနဲ့လဲညီညွှတ်တယ်။  ငွေ ၁၀၀၀ ကိုတောင် အလဟသ မသုံးမိစေနဲ့။ အသက်ရှင်နေမယ် နေဖို့ရှိမယ် စားဖို့မပူရဘူး ဆို  အလွန်ကုသိုလ်ကံ ကောင်းနေပြီလို့ယူဆ။ ကျန်တာမတွေးနဲ့။ Credit...✍🏻