Skip to main content

ရင်ဖွင့်ဖော်…


ကိုယ်တကယ်ကို   စိတ်ပင်ပန်းတဲ့ အခါတိုင်း 

ကိုယ် စိတ်ညစ်နေရတဲ့ အကြောင်းလေးတွေ  

ရင်ဖွင့်ချင်လို့     ကိုယ်ယုံကြည်ရတဲ့ သူတစ်ယောက်ကို

အမြဲရှာလေ့ ရှိတယ် ။


'' ဘာလို့ စိတ်ညစ်နေမှာလဲ    အဆင်ပြေအောင်နေလို့  ''

လွယ်လွယ်လေး   အပြောခံလိုက်ရတာထက် 

ကိုယ်ဖြစ်နေတဲ့   ပြဿ     နာရဲ့  အရင်းခံကို 

သေသေချာချာလေး နားထောင်ပေးရင်း   

နှစ်သိမ့်ပေးချင်ခဲ့တာ ။

အဲ့ဒါလေးက  ကိုယ့် ဒဏ်ရာတွေကို ပိုသက်သာစေတယ်။


ဖြစ်နိုင်ရင်  ကိုယ်က  ဘာမှမခံစားရသလို 

ဟန်ဆောင်ပြီး  တစ်ယောက်ထဲ  စိတ်ညစ်နေရတာမျိုး

မလိုချင်ဘူး ။

အရမ်းမွန်းကြပ်ပြီး  ပင်ပန်းလို့ ။


 

ဒါ့ကြောင့်   ကိုယ့်ရဲ့ ခံစားချက် ပြဿ     နာတွေ အားလုံးကို ယုံကြည်စိတ်ချရတဲ့ လူ တစ်ယောက်စီမှာ

အမြဲတမ်း ရင်ဖွင့်လေ့ရှိပါတယ် ။


အနည်းဆုံးတော့   ကိုယ့်ရင်ထဲက 

မကျေနပ်တဲ့ အစိုင်အခဲတွေ   ကျေပျောက်သွားစေတယ်။

မဖောက်ထုတ်နိုင်ပဲ  မြိုသိပ်ထားရတဲ့

ခံစားချက်တွေကို    သက်သာစေတယ် ။


တစ်ကယ်တော့   ရင်ဖွင့်လိုက်တယ်  ဆိုတာ

ခံစားနေရတဲ့ ခံစားချက်တွေကို တစ်ဝက်လောက်တော့  

သက်သာစေတယ်လေ။


ရင်ဘတ်ချင်း ပေါင်းလို့ရတဲ့သူဟာ  လူတိုင်းမှာ  

တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိပါတယ်  ။

အဲ့ဒီ့သူဟာ   ကိုယ့်ရဲ့  မိဘလည်း ဖြစ်နိုင်သလို  . . .

ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်း . . .

ကိုယ့်အပေါ် နားလည်ပေးနိုင်တဲ့ 

ချစ်သူလည်း  ဖြစ်ချင် ဖြစ်နေနိုင်တယ်။


စိတ်ညစ်ရတဲ့အခါတိုင်း   (ဒါမှမဟုတ်)

ပြဿ     နာတွေ ကြောင့်  စိတ်တွေ ရှုပ်ထွေးပြီး

ထွက်ပေါက်တွေ ပျောက်နေတဲ့ အခါတိုင်း 

ကိုယ်ယုံကြည်ရတဲ့ ရင်ဖွင့်ဖော်ကို  ရှာစေချင်တယ် ။


အဲ့ဒီ့သူဟာ  ကိုယ်ယုံကြည်ရတဲ့သူ ဖြစ်ပြီး

ကိုယ့် အားနည်းချက်တွေကိုလည်း    တက်နင်းချေမဲ့သူ 

မဖြစ်ဖို့တော့ လိုတာပေါ့ ။


အဲ့ဒီ့သူဆီမှာ   ကိုယ်တို့ မကျေနပ်တာတွေကို 

ပြောရင်း ပေါက်ကွဲပစ်လို့ရတယ် ။

စိတ်ညစ်နေရတဲ့ အကြောင်းတွေကို 

ပြောပြရင်း  သူ့ဆီက  အကြံဥာဏ်တွေလည်း

ယူလို့ရသေးတယ်လေ ။

သူဟာ ကိုယ့် စိတ်ကို အကောင်းဆုံး နားလည်ပေးပြီး    

တင်းကျပ်မှုတွေကို ဖြေလျော့ပေးနိုင်တယ် ။

ဒါ့ကြောင့် သူဟာ  ကိုယ့်ကိုယ် နှစ်သိမ့်ပေးနိုင်တဲ့ 

နေရာဒေသလေး လို  သတ်မှတ်လို့ရပါတယ် ။


မွန်းကြပ်မှုတွေကို  ပြေပျောက်စေဖို့အတွက် လူတိုင်းမှာ  

ရင်ဖွင့်ဖော်ဆိုတာ လိုအပ်ပါတယ်။  


Credit to ®ခဲတံ®

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်