Skip to main content

ငွေကြေးမကုန်သော အလှပြုပြင်နည်း


၁။ အပြုံးဆိုတာ

    ငွေကြေးမကုန်တဲ့

    သဘာဝ အလှပြင်နည်းပါ။


၂။ သည်းခံခွင့်လွှတ်ခြင်းဆိုတာ

    ငွေကြေးမကုန်တဲ့

    စိတ် အလှပြင်နည်းပါ။


၃။ ရိုးသားမှုဆိုတာ

    ငွေကြေးမကုန်တဲ့

    ကိုယ်ကျင့်တရား အလှပြင်နည်းပါ။


၄။ ဆုံးဖြတ်ချက်ဆိုတာ

    ငွေကြေးမကုန်တဲ့

    ခြေလှမ်းတွေ အလှပြင်နည်းပါ။


၅။ နှိမ့်ချပြီးနေတယ်ဆိုတာ

    ငွေကြေးမကုန်တဲ့

    ပေါင်းသင်းဆက်ဆံရေး အလှပြင်နည်းပါ။


၆။ အမှန်တရားကို လက်ခံတယ်ဆိုတာ

    ငွေကြေးမကုန်တဲ့

    အတ္တမာနတွေ အလှပြင်နည်းပါ။


၇။ နားလည်မှုဆိုတာ

    ငွေကြေးမကုန်တဲ့

    ဦးနှောက်အသိဥာဏ် အလှပြင်နည်းပါ။


၈။ သစ္စာတရားဆိုတာ

    ငွေကြေးမကုန်တဲ့

    ယုံကြည်မှု အလှပြင်နည်းပါ။


၉။ ကိုယ်ချင်းစာစိတ်ဆိုတာ

    ငွေကြေးမကုန်တဲ့

    မေတ္တာနှလုံးသားလေး အလှပြင်နည်းပါ။


၁၀။ အကောင်းမြင်စိတ်ဆိုတာ

      ငွေကြေးမကုန်တဲ့

      ဘဝ အလှပြင်နည်းပါ။✅


အပြင်က ရွှေမှုံကျဲ၊ အတွင်းက ရွံရုပ်ခံလို့ ဘဝက မလှပါဘူး။ မျက်နှာကို ပကာသနချယ်သနေရင်း စိတ်ဓာတ်ကိုလည်း သနပ်ခါး ခပ်ပါးပါးလေး လူးပေးပါ။ ငွေကြေးအကုန်ကျခံပြီး မွမ်းမံနေတဲ့ အပြင်အဆင်းသဏ္ဌာန်ထက် အတွင်းစိတ်ကို ပိုပြီး အလှပြင်ပေးပါ။✅


သေမှ ပုပ်မယ့်ရုပ်ထက် မသေခင်ပုပ်တတ်တဲ့ စိတ်ကို ငွေကြေးမကုန်ပဲ ဘာလို့ အလှမဆင်နိုင်ရမှာလဲ?။ စိတ်ကောင်းရင် စေတနာကောင်းမယ်၊ စေတနာကောင်းရင် ကံကောင်းမယ်၊ ကံကောင်းလာပြီဆိုရင် ငွေကြေးအကုန်ကျခံပြီး ပေါင်းတင်စရာမလိုပဲ ဘဝနဲ့ခန္ဓာကိုယ်ရုပ်ရည် အမှန်တကယ် လှပလာမှာ အသေအချာပါပဲ။🤍


#credit:

မေတ္တာဖြင့်

အရှင်ဝိသုတ (ညောင်တုန်း) 

မျှဝေပါသည်။

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်