Skip to main content

ကျန်းမာခြင်းသည်သာ အဓိက


 ပိုက်ဆံမရှိရင်တောင်

ကျန်းမာနေသေးပါလားဆိုတဲ့အသိနဲ့

ပျော်အောင်နေပါ...


မကျန်းမာရင်လည်း

အသက်ရှင်နေပါသေးတယ်ဆိုတဲ့အသိနဲ့

ပျော်အောင်နေပါ...


အခု မွဲနေသေးရင်လည်း

နောင်တစ်နေ့ချမ်းသာမယ်ဆိုတဲ့စိတ်ဓာတ်နဲ့

ပျော်အောင်နေပါ...


ဆုံးရှုံးခဲ့ဖူးရင်လည်း

သင်ခန်းစာရခဲ့တယ်ဆိုတဲ့အတွေးနဲ့

ပျော်အောင်နေပါ...


ကလေးမရခဲ့ရင်လည်း

လင်မယားနှစ်ယောက်ထဲအေးချမ်းပါတယ်ဆိုပြီး

ပျော်အောင်နေပါ...


သူများ မိသားစုတွေ လင်မယားတွေ

စားသောက်နေပုံတွေ

အီဖယ်မျှော်စင်တွေရှေ့မှာဓာတ်ပုံရိုက်တာတွေ

ဝိုင်ခွက်လေးတွေနဲ့ရိုနေတာတွေ

နေပူကျဲတဲကျောက်တောင်တွေပေါ်

ထိုင်ပြီး ဓာတ်ပုံရိုက်တာတွေ

အိမ်ကြီးအိမ်ကောင်းတွေနဲ့နေတာတွေကိုကြည့်ပြီး

ကိုယ့်မှာမရှိလို့ အားမငယ်ကြပါနဲ့...


အစားအစာဆိုတာမစားခင်နဲ့ စားနေတုန်းလေးပဲ

စားချင်စရာပါ

ဗိုက်ပြည့်သွားရင် လှည့်ကြည့်ချင်စရာမရှိတော့ပါဘူး


အရက်အကောင်းစားလည်း

တကယ်တမ်းတော့ သောက်ပြီးဘာမှမထူးပါဘူး...


ခရီးတွေထွက်တော့ ခရီးပမ်းပါတယ်

နေပူထဲဓာတ်ပုံရိုက်တော့ ပူပါတယ်...


အိမ်ကြီးတော့ စရိတ်ကြီးပါတယ်

ထိန်းသိမ်းရခက်ပါတယ် အလကားပါ...


အမှန်က

လုပ်ပြနေတဲ့သူတွေမှာလည်း

အများထင်သလို

သေအောင်မပျော်ကြပါဘူး

လူတိုင်းမှာ အပူရှိတယ် ဒုက္ခရှိပါတယ်...


ကဲ

ဒါတွေကို နားလည်ပြီဆိုရင်တော့

ပျော်လိုက်ပါတော့...


အခုပဲ ပျော်ပါ

ဒီနေ့ပဲ ပျော်ပါ

ပျော်စရာရှာကြံကာ

အမြဲပျော်အောင်သာနေပါတော့...


ဘဝ ဆိုတာ တိုတိုလေးပါ

ပျော်အောင်သာနေကြပါ...


©® pan lay

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်