Skip to main content

ရှောက်ရွက်ရဲ့ သင်မသိသေးသော အကျိုးကျေးဇူးများ…




မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား….

မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းရှိတဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင်ရင်တော.့…..

လွယ်ပါတယ်။ ပုလင်းလွတ်တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်းနဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။ ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်းပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန်မှန်သောက်သွားပေးရင် တစ်လနှစ်လအတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေးရသွားပါလိမ့်မယ်။ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊နှလုံးအဆီပိတ်တာတွေလည်းမဖြစ်တော့ပါဘူး။

အချိန်မရလို့ မလုပ်ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ်စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီး ခပ်သောက်ကြပါ။ အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။

ထမင်းကြော်စားတဲ့နေရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်

#Credit

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်