Skip to main content

ဘဝဆိုတာ


တခါတလေကြတော့လည်းဘဝကကြမ်းတမ်းခက်ခဲတယ် လိုချင်တာရဖို့ လုပ်ချင်တာလုပ်ခွင့်ရဖို့ ဖြစ်တဲ့ဆန္ဒတွေပြည့်ဖို့ ကြိုးသားရင်း အချိန်တွေနဲ့ပေးဆပ်လာတာရက်ပေါင်းများစွာကြာခဲ့ပြီ။


သာယာလှပတဲ့ မိသားစုဘဝလေးတည်ဆောက်ဖို့ရေမြေခြားမှာကြိုးစားရင်း မိဘမေတ္တာ/မိဘရင်ခွင်ရဲ့နွေးထွေးမှုနဲ့ဝေးနေတဲ့သားနဲ့သမီးသတိရရင်းချစ်ခြင်းသာပေးနိုင်ပြီးနီးကပ်နွေးမှုမပေးနိုင်တဲ့ချစ်ဇနီး ကိုသတိရရင်းလောကဓံကပေးတဲ့အထီးကျန်ဆန်မှု ဘဝကပေးတဲ့ခါးသည်းမှုဒုက္ခအခက်ခဲတွေနဲ့လုံးထွေးသတ်ပုတ်ရင်း ရင်ဆိုင်ခဲ့ရပြီ။


ချစ်ရတဲ့မွေးရပ်မြေ ချစ်ရတဲ့မိဘဆွေမျိုးညီအစ်ကိုမောင်နှမတွေအားလုံးကိုတနေ့တနေ့သတိရရင်း အိမ်ပြန်ချင်တဲ့စိတ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုခဏရပ်ပြီးဖြစ်သင့်တာဦးစားပေးလုပ်ကိုင်ရင်းအထီးကျန်ရတယ်။လူတွေဘဝတွေမတူကွဲပြားပြီးရပ်တည်မှုမတူကြပေမယ့်ဝမ်းစာအတွက်ရှာဖွေတာခြင်းတူကြပါတယ်။


အမြင့်ကိုလှမ်းကြည့်တော့မြင်တွေ့ရတာတွေကအားကြရတယ်လိုချင်တယ် အောက်ကိုကြည့်ပြန်တော့လည်းကိုယ့်ကိုကိုယ်တော်ပါသေးရဲ့လို့မြင်မိတယ်။တကယ်တော့ကိုယ်ကလိုက်နေရတာမလိုက်ပြန်တော့လည်းဆန္ဒတစ်ခုပြည့်ဖို့ဆိုတာမရှိ ရှေ့ဆက်နေရဦးမှာပဲလေ  မသေမချင်းပေါ့.  .... ။


ကိုယ့်ကိုကိုယ်သန်မာအောင်ကြိုးစားရင်းတွေ့ကြုံနေရတဲ့ခက်ခဲမှုတွေကိုဖြေရှင်း ရင်းရှေ့ဆက်ဖို့ခွန်အားတွေမွေးပြီးအိမ်ပြန်ချိန်ဟာ....တနေ့နေ့ပေါ့....လွမ်းလှပြီမွေးရပ်မြေရယ်...။

Credit orginal writer ✍🏻

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်