Skip to main content

စစ်အာဏာရှင်တော်လှန်ရေး လောပန်းလောင်းအိပ်မက်ကို စွန့်သူများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မနက်မိုးမလင်းမီ ထ၍ စွန့်ပစ်မြေစာပုံတွင် သက်စွန့်ဆံဖျား ကျောက်စိမ်းရှာနေကြသူ ရေမဆေးသမားများ။ (ဓာတ်ပုံ - EPA)

 အသက် ၁၇ နှစ်အရွယ်မှစ၍ ကိုထက်တစ်ယောက် နံနက် ၄ နာရီမတိုင်မီ နေ့စဉ် အိပ်ယာထခဲ့ရသည်။ ကျောက်စိမ်းတွေ့ရလိမ့်မည်ဟူသော ယူဆချက်ဖြင့် ပေထောင်ချီမြင့်သော မြေစာပုံများဆီ အချိန်မီ ရောက်နိုင်ရန်ဖြစ်သည်။ 

လောပန်းလောင်း (သဌေးလောင်း) အိမ်မက်ဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ မြေစာပုံများပေါ်တွင် ကိုထက် (အမည်လွှဲ) ကျင်လည်ခဲ့သည်မှာ ၂၇ နှစ်အရွယ်တိုင်ခဲ့ပြီဖြစ်သည်။ ၂၀၁၃ တွင် ကျပ်သိန်း ၄၀၀ တန် ကျောက်စိမ်းတုံးရဖူးသလို ကျန်အချိန်များတွင်လည်း မိသားစု စားဝတ်၊ နေရေးကာမိသဖြင့် ဖားကန့်နှင့် ကိုထက် အသားကျနေပြီဖြစ်သည်။ 

မြေစာပုံအတွင်း လက်စွဲတော် စိန်တူဖြင့် ခေါက်မိသည့် ကျောက်ခဲမှာ ရောင်းတန်းဝင်ကျောက်ဖြစ်ခဲ့လျှင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၌ နေထိုင်သည့် မိသားစုဝင် ၇ ယောက်ကို ပြေလည်စွာထားနိုင်မည်ဟု ကိုထက်ယုံကြည်ထားသည်။ 

သို့သော် ဆယ်စုနှစ်တစ်ခုကြာ ရေမဆေးသမားဖြစ် ရပ်တည်လာခဲ့သူ ကိုထက်၏ဘဝမှာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တဆစ်ချိုး ပြောင်းလဲ့သည်။ 

ကိုယ်တိုင်မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခံရသည့်အပြင် အရပ်သားအစိုးရကို ဖယ်ရှားကာ စစ်တပ်က အာဏာသိမ်းသည်ကို လက်မခံနိုင်သူများထဲတွင် ၎င်းလည်း ပါဝင်သည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် ဆန္ဒပြပွဲများတွင် အခြားသော ရေမဆေးသမားများနည်းတူ ကိုထက်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

“ဆန္ဒပြတဲ့အချိန်က တစ်ခါတစ်လေ (ကျောက်စိမ်း) သွားရှာဖြစ်တယ်။ ဒါပေမယ့်လည်း သွားလိုက်တိုင်း စိတ်က မလုံဘူးပေါ့ဗျာ။ ကျွန်တော်တို့က မတရားမသိမ်းပိုက်ခံနေရာကို ကိုယ်က ဘာမှမဖြစ်သလို အေးအေးဆေးဆေး ကျောက်ရှာပြီးတော့ မနေနိုင်တော့ဘူး”ဟု ကိုထက်က ပြောသည်။

မတ်လတွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလာသဖြင့် ဖားကန့်၌ လူသေဆုံး သည်အထိဖြစ်လာရာ ကိုထက်၏ မခံချင်စိတ်၊ မတရားမှုကို တွန်းလှန်လိုသော စိတ်ဒီကရီမှာ အမြင့်ဆုံး သို့ ရောက်သွားတော့သည်။

စစ်အာဏာရှင်စနစ်ဆိုးကို လက်နက်ကိုင်၍ အမြစ်ဖြုတ်ရာတွင် တစ်ထောင့်တစ်နေရာမှပါဝင်ရန် ၎င်းက ဆုံးဖြတ်သည်။ ထို့ကြောင့် ဧပြီလဆန်းတွင် မိခင်ရှိရာ တန့်ဆည်သို့ ပြန်၍ အကျိုးအကြောင်းပြောကာ ခွင့်ပြုချက်တောင်းသည်။

မိခင်ဖြစ်သူက ငိုယို၍ တားသဖြင့် တွန်းတွန်းတိုက်တိုက် ဆက်မပြောတော့ဘဲ ဇာတိမြို့ တန့်ဆည်သို့ ရောက်တုန်းရောက်ခိုက် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ၌ ပူးပေါင်းပါဝင်ရင်း နည်းလမ်းရှာခဲ့သည်။  

တန့်ဆည်တွင် ဧပြီ ၇ရက်က သူပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ပစ်ရာ လူငယ် ၁၀ ဦးခန့် အသက်ဆုံးခဲ့ရသည်။ မွေးရပ်မြေ၌ ထိုဖြစ်စဉ်ကို ကိုယ်တိုင် ကြုံတွေ့ရပြီးနောက် ကိုထက်၏ တော်လှန်ရေးအိပ်မက်ပို၍ ပြတ်သားသွားသည်။

ထို့ကြောင့် မိခင်ထံမှ ခွင့်ပြုချက်ထပ်မတောင်းတော့ဘဲ လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသတစ်ခု သို့ သွားရောက်ခဲ့သည်။ ဇွန်တွင် တစ်လတာ စစ်သင်တန်း တက်ရောက်အောင်မြင်ပြီးနောက် ဩဂုတ်လ သို့ ရောက်ချိန်တွင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် ပူးပေါင်းစစ်ဆင်ရေးအချို့၌ပင် ပါဝင်ဆင်နွှဲခဲ့ ခဲ့သည်။

“အမေကတော့ သားတစ်ယောက်တည်းပါတာဆိုတော့ မသွားစေချင်ဘူး။ ဒါပေမယ့် လက်နက်မဲ့တဲ့ ပြည်သူတွေကို ကာကွယ်ရမယ့်အစား လက်နက်တွေနဲ့ နှိပ်စက်နေတာတွေကို ကြည့်ရတာ လုံးဝ မခံစား နိုင်ဘူး။ ဒီလိုယုတ်မာတဲ့ သူတွေကို လက်ဗလာကြီးနဲ့ သွားယှဉ်ရင် ကိုယ်ပဲ ခံရတာ။ အဲဒါကြောင့် လက်နက်ကို လက်နက်ချင်းပဲ ယှဉ်ပစ်မယ်”ဟု ကိုထက်က ပြောသည်။

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်