Skip to main content

ဘဝအတွက်…


 

ဂန္ဒီဟာ အခြားနိုင်ငံတစ်ခုကို ရောက်သွားတဲ့အခါ... လက်ဝတ်ရတနာဆိုင်ဘေးက ဖြတ်လျှောက်မိပါသတဲ့... 

ပြထားတဲ့ လက်ဝတ်ရတနာတွေကို ကြည့်မိတော့ ဆိုင်ရှင်က နာမည်ကျော် ဂန္ဒီကြီးဆိုတာသိတဲ့အတွက် ဆိုင်ထဲဖိတ်ခေါ်လိုက်တယ်... ရတနာတွေကို လိုက်လံပြသပြီး စျေးနှုန်းတွေလည်း ရှင်းပြတယ်... မဟတ္တမ ဂန္ဒီကြီးသာ ဆန္ဒရှိပါက ဆိုင်ထဲက နှစ်သက်ရာကို တောင်းဆိုနိုင်ကြောင်း လက်ဆောင်အဖြစ်ပေးပါမည့်အကြောင်း ပြောသတဲ့...

ဂန္ဒီက ...


" ကျေးဇူးတင်ပါတယ်... ဒီဟာတွေမလိုချင်ပါဘူး

ဒါပေမယ့် အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်... ပျော်ရတာတခြားမဟုတ်ပါဘူး... ဒီလောက်တန်ဖိုးကြီးတဲ့ရတနာတွေ မရှိဘဲလည်း ကျူ ပ်အသက်ရှင်နေနိုင်တာ သိရတဲ့အတွက်ပါ.."

လို့ပြန်ပြောလိုက်ပါသတဲ့....


အသက်ရှင်နေထိုင်ဖို့ မရှိလည်းဖြစ်တဲ့အရာတွေကို ရှာဖွေရင်း တန်ဖိုးရှိတဲ့ဘဝကို မဖြုန်းတီးလိုက်ပါနဲ့...

ဘဝဆိုတာ ရှာဖွေရုန်းကန်ရုံနဲ့ ကုန်ဆုံးမသွားသင့်ပါဘူး

နေထိုင်ဖို့လည်း သတိရကြပါစေ....


ဦးသုည

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်