Skip to main content

The Green Mile သို့မဟုတ် အစိမ်းရောင်နိဂုံးမှတ်တိုင်


ထောင်တွင်း ဇာတ်ဝင်ခန်းတွေနဲ့ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ပါ 

ထောင်တွင်းဆိုပေမယ့် သေဒဏ်ကျခံရသးတွေချည်းပဲနေတဲ့ အကျဉ်းထောင်ပါ 

ထောင်မှူးနဲ့ ထောင်တွင်းဝန်ထမ်းတွေက ထောင်သားတွေရဲ့ စိတ်ကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးတဲ့ လူကောင်းတွေအဖြစ်သရုပ်ဖော်ထားပါတယ် 


သဘာဝလွန်ဖြစ်ရပ်အနည်းငယ်နဲ့အတူ 

မတူကွဲပြားသော ထောင်ဇာတ်လမ်းကိုကြည့်ရမှာပါ


အင်္ဂလိပ်ထောင်ကားတွေလို ထွက်ပြေးလိုက် ထောင်ဖောက်လိုက် ကား မဟုတ်လို့ ကြည့်ရတာ မရိုးမယ့်ဇာတ်ကားပါ


သေခြင်းတရားကဘယ်တော့မှငါ့ဆီရောက်လာမှာလဲ ဘုရားရဲ့ဒုတိယသားတော်ကိုသတ်လိုက်မိတဲ့အပြစ်က ငါချစ်တဲ့လူတွေသေတာကိုကြည့်နေပြီး ငါရှင်သန်နေရတာပဲ အစိမ်းရောင်နိဂုံးလေးရေ ဘယ်တော့များမှငါဝဋ်ကြွေးကုန်မလဲကွယ် 


ထောင်မှူး တွမ်

တွေ့တယ် သူအပြစ်ပေးလိုက်တာလေ ဒီနေရာကအဖြစ်အပျက်တွေကသိပ်ဆန်းကြယ်တာပဲ 


လက်ထောက်ထောင်မှူး ဘရု

ကျွန်တော့်ရဲ့ကြွက်ကလေးကို ကြွက်မြို့တော်ဆီပို့ပေးပါ ပြီးတော့ကျွန်တော် အားလုံးက်ိုတောင်းပန်ပါတယ် ကျွန်တော့်အပြစ်တွေကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဆပ်ပါ့မယ် 


သေဒဏ်ကျအကျဉ်းသား ဒဲလ်

ကျွန်တော်ပိတ်ကားရုပ်ရှင်မကြည့်ဖူးဘူး

နောက်ဆုံးစားချင်တဲ့အစားအစာက အာလူးအနှစ်နဲ့ ကြက်သားကြော် ပြီးတော့ဆရာ့အမျိုးသမီးရဲ့ချစ်ခြင်းမေတ္တာနဲ့ပြုလုပ်ထားတဲ့ အာလူးပေါင်မုန့် 

ကျွန်တော်ပင်ပန်းနေပါပြီ

ကမ္ဘာလောကကြီးမှာချစ်ခြင်းမေတ္တာကိုအသုံးချခံပြီးလူတွေကတစ်ယောက်ကိုတစ်ယောက်သတ်နေကြတယ် ကျွန်တော်ဒီအသံတွေမကြားချင်တော့ဘူးဆရာ


သေဒဏ်ကျအကျဉ်းသား ဂျွန်ကောဖီး သို့မဟုတ် ဘုရားသခင်၏ဒုတိယသားတော်

သေမယ့်လူတစ်ယောက်ကို မင်းသေရတော့မယ်လို့ငါပြောမထွက်ဘူး 


အကျဉ်းဦးစီး ဟဲလ် 

ဇာတ်လမ်းထဲက အချို့သောဇာတ်ဝင်စကားလုံးများကိုကောက်နုတ်ထားတာပါ


ကြည့်ရင်းနဲ့ငိုရမယ့်ဇာတ်ကားကောင်းလေးပါ

အထူးသဖြင့် ဆွေးဆွေးလေးတွေသဘောကျတဲ့လူတွေအတွက်ပေါ့


ဒီဇာတ်ကားထဲမှာ လူတွေရဲ့ ဖြူစင်မှု လူတွေရဲ့ ယုတ်မာမှုတွေကိုယှဉ်တွဲတွေ့ရမှာပါ 


ပြီးတော့ သေခြင်းတရား ကိုစောင့်မျှော်နေရတဲ့

ဝမ်းနည်းမှုနဲ့အတူ ဂျွန်ကောဖီးကို သတိတရရှိနေမှာပါ


တရားစီရင်ရေးဆိုတာကြီးကိုလည်းခနဲ့တဲ့ဟန်လေးတွေ့ရမှာပေါ့


မင်းတစ်စုံတယောက်အပေါ်ကြင်နာဖူးလား

ဒါမှမဟုတ်ရက်စက်ဖူးလား

လူတွေသေတာကို ပြဇာတ်လိုကြည့်ဖူးလား

ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်လိုက်ပါ


Credit ;

Popular posts from this blog

ပတ်ဝန်းကျင်

  ရွှေဆိုင်နား နီးတဲ့ အပင်ကတော့ ရွှေချခံရပြီး ဓားဆိုင်နားနီးတဲ့ အပင်ကတော့ ဓားခုတ်စမ်းခံရတယ်........ ဘဝမှာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ကိုအသုံးချခံရတာ ချင်းတူရင်တောင် အရောင်ထွက်တာချင်းနစ်မွန်းတာချင်းတော့ ကွာတယ်။ သစ်ပင်တွေက သူတို့ ဖြစ်တည်မှုအရ ရွှေ့မရပေမဲ့ သင်က လူသားပါ အနစ်နာခံပြီး ဘဝ ပဲ့ပါသွားပေမဲ့ ကိုယ်တိုင်လဲဘဝပျက် ၊ အရောင်မထွက် ကျေးဇူးတရားပါ အစော်ကားခံရတဲ့ ဖြစ်တည်မှုမျိုးကနေ ရုန်းထွက်နိုင်အောင် ကြိုးစားလိုက်ပါ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပါ။ တန်ဖိုးထားပြီး ရွှေချထားမယ့် ပက်ဝန်းကျင်တစ်ခုဆီ ရောက်အောင်သွားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင် ကျေနပ်တဲ့သူဖြစ်ပြီး  ကိုယ့်ကိုအသုံးချစမ်းသပ်တဲ့ သူတွေရဲ့ ဓားချက်တွေမခံရတော့ဘူးပေါ့။ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။....... #Credit မေခမလိခပေါင်းဆုံရာ

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတတ်ကြလိမ့်မယ်

  လူတစ်ဦးဆီတိုင်းမှာ အမြဲပြန်ချင်နေတဲ့မြို့လေးတွေ ရှိတတ်ကြတယ်။ အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊ ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့ မြို့တစ်ခုလည်းဖြစ်နိုင်တယ်။ နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့ ပိုပြီး စိတ်အေးစရာကောင်းနေသလို  နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က ပိုပြီးခွန်အားဖြစ်စရာပါပဲ။ တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာကို လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။ ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။ အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။ လူတစ်ယောက်ကိုလည်းလွမ်းရသလို မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။ စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို  အရာအားလုံးကနေပြေးထွက်ပြီး အဲ့ မြို့ရဲ့  လေပြေတွေကိုရှူရှိက်ရင်း အဲ့မြို့က ပန်းတွေကို  ကြည့်ရတာ လောကရဲ့အမောတွေပြေမှာအမှန်ပဲ။ Credit_Nayvel

တော်လှန်ရေးပြီးရင် မြန်မာပြည်အနှံ့ ခရီးဆန့်မည့်သူများအတွက်